တက်လမ်းအ​ကြောင်း

တက်လမ်း ကို ၂၀၂၁ ခုနှစ်တွင် မုန့်ဖိုး (Mote Poh) ၊ မြန်ဒီဂျစ်တယ် (Myan Digital) ၊ ဂျာမနီနှင့်ပူးပေါင်းဆောင်ရွက်မှု (GIZ) အဖွဲ့အစည်းများမှ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဒီဂျစ်တယ်နည်းပညာကို လက်တွေ့ကျကျအသုံးချတတ်စေရန် အခမဲ့သင်ပြပေးသည့် အွန်လိုင်းသင်တန်းကျောင်းကြီးဖြစ်ပါသည်။ မြန်မာ့စီးပွားရေးကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေဖို့ရည်ရွယ်ပါသည်။